ဝေယျန္တာ - ဘုရားဆင်းတုနှင့်ပန်းပု
Powered by ShweAi
ဝေယျန္တာ - ဘုရားဆင်းတုနှင့်ပန်းပု
Robes & Requites

အမျိုးအစားများ

နောက်ဆုံးထည့်ထားသော ပစ္စည်းများ

12 items

ကျွန်းနက်ရပ်တော်မှု
ကျွန်းနက်ရပ်တော်မှု

ကျွန်းနက်ရပ်တော်မှု

MMK 730,000
ကျွန်းသားရပ်တော်
ကျွန်းသားရပ်တော်

ကျွန်းသားရပ်တော်မှု

MMK 850,000
ပိတောက်ဓမ္မစကြာ
ပိတောက်ဓမ္မစကြာ

"ဝေဇယန္တာ" မှ ထုဆစ်ထားသော ဥာဏ်တော် ၁၂ လက်မ ပိတောက်သားဆင်းတုတော်ဖြစ်ပါတယ်။ ဓမ္မစကြာမုဒြာဟန်သည် ဘုရားရှင် သစ္စာလေး ပါး တရားတော်ကို ကမ္ဘာလောကသို့ စတင်ချပြခဲ့သည့် သမိုင်းဝင်ဖြစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ လက်ချောင်းများဖြင့် စက်ဝိုင်းပုံစံ ပြုလုပ်ထားခြင်းမှာ အစမရှိ အဆုံးမရှိသော ဘုရားရှင်၏ ဉာဏ်ပညာတော်နှင့် သတ္တဝါဝေနေယျတို့အပေါ် ထားရှိသော ကရုဏာတော်ကို ဖော်ညွှန်းနေခြင်းဖြစ်ပါတယ်။ မြတ်စွာဘုရား၏တရားဦးဟောကြားဟန်ဖြစ်သည့်အလျောက် ပူဇော်သူတို့မှာ အဦးအစမွန်မြတ်ခါ ပူဇော်သည့်နေရာတွင်လည်း ကောင်းခြင်းအင်္ဂလာအဖြာဖြာနဲ့ပြည့်စုံစေမှာဖြစ်ပါတယ်။

MMK 750,000
ကျွန်းနက်မဟာမုနိ
ကျွန်းနက်မဟာမုနိ

"ဝေဇယန္တာ" မှ ထုဆစ်ထားသော သိဒ္ဓိဝင် ကျွန်းနက်သားဖြင့် ထုဆစ်ထားသော မျက်နှာတော်ကြည်လင်ဝင်းပပြီး အင်မတန်ကိုသပ္ပါယ်လှသော မဟာမုနိကျွန်းနက်ဘုရားတစ်ဆူ ဖြစ်ပါတယ်။ ကြည်လင်ပြုံးရွှင်သောမျက်နှာတော်နှင့် နကင်းများ၊ မကိုဋ်များ နဲ့ ချပ်ဝတ်သင်္ကန်းတော်များကို အချိုးအစားကျနစွာအသေးစိတ်ပုံဖေါ်ထုလုပ်ထားတဲ့ အနုစိပ်လက်ရာ သိဒ္ဓိဝင်ကျွန်းနက် မဟာမုနိမုဒြာပုံတော်တစ်ဆူ ဖြစ်ပါတယ်။

MMK 3,000,000
နံ့သာနီပုတီး
နံ့သာနီပုတီး

နံ့သာနီပုတီး

MMK 155,000
သံဃာအနေကထိုင်စတိတ်သား
သံဃာအနေကထိုင်စတိတ်သား

သံဃာအနေကထိုင်

MMK 13,000
သံဃာအနေကထိုင်ကတ္တီပါ
သံဃာအနေကထိုင်ကတ္တီပါ

သံဃာအနေကထိုင်

MMK 7,500
ကျွန်းသားနဂါးရုံ
ကျွန်းသားနဂါးရုံ

“ဝေဇယန္တာ” မှ ကျွန်းသားဖြင့်ထုဆစ်ထား​​သော နဂါးရုံဘုရားသည် ​မြတ်စွာဘုရားရှင်၏မျက်နှာတော် ကြည်လင်မှု နဲ့ နဂါးမင်းရဲ့အနုစိတ်ပုံဖော်မှု​တွေက တကယ့်ကို အသက်ဝင်လွန်းလှပါသည်။နဂါးရုံဘုရားဆင်းတု​တော်ကို ပူဇော်ခြင်းဟာဘေးအန္တရာယ်အသွယ်သွယ်ကနေ အကာ အကွယ်ရရှိစေသလို ၊ အေးချမ်းသာယာခြင်း ၊ မိသားစုတွင်း မေတ္တာတိုးပွားခြင်းစတဲ့ လောကီလာဘ်လာဘတွေကိုလည်း ရရှိစေမှာ ဖြစ်ပါသည်။

MMK 550,000
ကျွန်းမင်းနှင့်ကျွန်းနက်မင်းသင်္ဂပုတီး
ကျွန်းမင်းနှင့်ကျွန်းနက်မင်းသင်္ဂပုတီး

ပုတီးစိပ်တဲ့အခါ စိတ်ကျေနပ်မှုအပြည့်ပေးနိုင်မဲ့ အရည်အသွေးပြည့် ပုတီးများ "ဝေဇယန္တာ" မှာ ရရှိနိုင်ပါပြီ။ အသားစစ်မှန်မှု လက်ရာသေသပ်မှုတို့နဲ့ပြည့်စုံတဲ့ ကျွန်းမင်း ၊ ကျွန်းနက် မင်းသင်္ဂပုတီး ရရှိနိုင်ပါသည်။ အဘမင်းသင်္ဂပုတီးကို စိပ်ခြင်းအားဖြင့် စိတ်၏ ငြိမ်းချမ်းမှု၊ ကံဇာတာ မြှင့်တင်ရေးနှင့် ဘေးအန္တရာယ် ကင်းဝေးစေပါတယ်။

MMK 65,000
ကျွန်းမင်းနှင့်ကျွန်းနက်ပုတီး
ကျွန်းမင်းနှင့်ကျွန်းနက်ပုတီး

ပုတီးစိပ်တဲ့အခါ စိတ်ကျေနပ်မှုအပြည့်ပေးနိုင်မဲ့ အရည်အသွေးပြည့် ပုတီးများ "ဝေဇယန္တာ" မှာ ရရှိနိုင်ပါပြီ။ အသားစစ်မှန်မှု လက်ရာသေသပ်မှုတို့နဲ့ပြည့်စုံတဲ့ ကျွန်းမင်းကျွန်းနက်ပုတီးကို ၂၇ လုံး ရရှိနိုင်ပါသည်။

MMK 55,000
ကျွန်းမင်းသပိတ်လုံးပုတီး
ကျွန်းမင်းသပိတ်လုံးပုတီး

ပုတီးစိပ်တဲ့အခါ စိတ်ကျေနပ်မှုအပြည့်ပေးနိုင်မဲ့ အရည်အသွေးပြည့် ပုတီးများ "ဝေဇယန္တာ" မှာ ရရှိနိုင်ပါပြီ။ အသားစစ်မှန်မှု လက်ရာသေသပ်မှုတို့နဲ့ပြည့်စုံတဲ့ ကျွန်းမင်းပုတီးကို သပိတ်လုံးပုံ ၂၇ လုံး ရရှိနိုင်ပါသည်။ ကျွန်းပင် အပင်တစ်ရာ တစ်ထောင်တစ်သောင်းတွင် တစ်ပင်တွေ့ရန် ခက်ခဲလွန်းသော၊ ရှာဖွေ၍ စိုက်ပျိုး၍မရနိုင် သော ရှားပါးလွန်းသည့် အပင်မျိုးဖြစ်ပါသည်။ဘုန်းတန်ခိုးဩဇာအာဏာ တည်တံ့ခိုင်မြဲလိုသော ရှင်ဘုရင်များသည် ရှေးယခင်တုန်းက ဤကျွန်းမင်းအသားများဖြင့် ဘုရားထုလုပ် ကိုးကွယ်ခဲ့ကြရလောက်အောင်ကို လောကီအစွမ်းသတ္တိများ ပြည့်ဝနေသော အသားတစ်မျိုးလဲ ဖြစ်ပေသည်။ လောကီသဘောအရ ကျွန်း - တနင်္လာ / မင်း - ကြာသပတေး ဂဗ္ဗေဓါတ် အတွင်းဓါတ်မိတ်ဖြစ်သောကြောင့် တည်မြဲခြင်း၊ ခိုင်မြဲခြင်း၊ အေးချမ်းခြင်း စသော ဓါတ်ဖြစ်သည်။ ကျွန်းဟူသော အထင်ကရ အပင်မျိုးထဲမှာတွင်မှ မင်းဖြစ်နေသော အပင်ဖြစ်ပါသည်။ ကျွန်းမင်းသည် ဩဇာအာဏာ တည်တံ့ခိုင်မြဲစေခြင်း၊ ငွေကြေးဥစ္စာ၊ ရာထူးဌာန တည်တံ့ ခိုင်မြဲစေခြင်း၊ ထင်ပေါ်ကျော်ကြားမှုအပေါင်း ရရှိစေခြင်း၊ တည်ငြိမ်အေးချမ်းမှုကို ရရှိစေခြင်း၊ဂုဏ်သတင်း ကျော်ဇောတိုးတက်စေခြင်း၊ ဓါတ်မိတ်ဖြစ်၍ ဓါတ်ကောင်း မိတ်ကောင်းရခြင်း၊ မကောင်းသော အနှောင့်အယှက်များ ကင်းဝေးစေခြင်းစသော လောကီအကျိုးထူးများအား ရရှိစေပါသည်။

MMK 80,000
ကျွန်းနက်သပိတ်လုံးပုတီး
ကျွန်းနက်သပိတ်လုံးပုတီး

ပုတီးစိပ်တဲ့အခါ စိတ်ကျေနပ်မှုအပြည့်ပေးနိုင်မဲ့ အရည်အသွေးပြည့် ပုတီးများ "ဝေဇယန္တာ" မှာ ရရှိနိုင်ပါပြီ။ အသားစစ်မှန်မှု လက်ရာသေသပ်မှုတို့နဲ့ပြည့်စုံတဲ့ ကျွန်းနက်ပုတီးကို သပိတ်လုံးပုံ ၂၇ လုံး ရရှိနိုင်ပါသည်။ ဂမ္ဘီရသိဒ္ဓိဝင် ကျွန်းနက်သည် ကျွန်းဟာ တနင်္လာနံ (၂) နဲ့ စနေနံ(၇)ဂဏန်းနှစ်လုံးပေါင်းခြင်း ၂+၇ ကို တနင်္လာ စိုးမိုးသော နဝင်း "ငွေနဝင်း" ဖြစ်ပါတယ်။ ငွေနဝင်းမိခြင်းကြောင့် ၇ရက်သားသမီးများအတွက် ကောင်းကျိုးချမ်းသာအဖြာဖြာကို ဆောင်ကျဉ်းပေးတဲ့သစ်မြတ်ဖြစ်ပါတယ်။ ကျွန်းနက်ပုတီးဖြင့် ဂုဏ်တော်(၉)ပါးပုတီးစိပ်ပါက သိသာစွာ လာဘ်လာဘတွင်သာမက တခြားသော လောကီရေးရာများမှာပါ ကောင်းမွန်တဲ့ အကျိုးထူးများရရှိစေပါတယ်။ ကျွန်းနက်အသားကို ဆောင်ထားပါက ပရောဂအတိုက်အခိုက်ကင်းပြီး သရဲမခြောက်စေ၊ ပရောဂ မကပ်စေတဲ့ အလွန် ရှားပါးပြီး သိဒ္ဓိဝင်အသားတစ်မျိုး ဖြစ်ပါတယ်။

MMK 65,000